Friday, 7 October 2016

Mood of the Day (2016) မြန်မာစာတန်းထိုး








Mood of the day (2016) မြန်မာစာတန်းထိုး
============================
မင်္ဂလာပါခင်ဗျ.. ဒီတစ်ခါ ကျွန်တော်တို့ Gold Channel မှ ပေါ့ပေါ့ပါးပါး အချစ် ဟာသ fancy ကားလေးတစ်ကား ကို ရွေးချယ်ထားပါတယ်။ Korea ရုပ်ရှင်
ချစ်သူများအတွက်လဲ အာသာပြေ၊ ရုပ်ရှင်ချစ်သူတွေအားလုံးအတွက်လဲ
ဘ၀အမောတွေ ပြေပျောက်စေမယ့် အချစ်အလွမ်း ဇါတ်မြူးတစ်ခု ဖြစ်တာမို့
Goldchannel fans တွေ စိတ်ကျေနပ်ရမှု ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။
Fancy movie ဆိုပေမယ့် Imdb rating 6.6 အထိ အောင်မြင်မှုရရှိခဲ့၊
ရုပ်ရှင်ချစ်သူတွေ အကြားမှာ.. အတော်အသင့် မှတ်မိသိရှိခဲ့ကြတဲ့ ဇါတ်လမ်းကောငးလေး တစ်ပုဒ်ဆိုတာ K_fans တွေ ပိုသိပါလိမ့်မယ်။
ဇါတ်လမ်းအကျဉ်းအနေနဲ့.....
Soo-jeong ဟာ ယောက်ျားလေးတစ်ယောက်နဲ့ date ထွက်နေခဲ့တာ ၁၀ နှစ်
ကြာခဲ့ပြီဆိုပေမယ့် သူမအတွက်တော့ အရမ်းကြီး အဆင်ပြေလှတယ်တော့မဟုတ်ပါဘူး၊ သူတို့ ကြားထဲမှာ အချစ်ဆိုတာ အမည်ခံသာသာလောက်ပဲ ကျန်ရှိပါ
တော့တယ်...အလုပ်ကိစ္စ တစ်ခုနဲ့ သူမ Busan ကို ခရီးမထွက်မီ တစ်ညအလိုမှာ သတင်းဆိုးတစ်ခုကို မမျှော်လင့်ဘဲ သိခွင့်ရလိုက်တာက.. သူမရဲ့ အချစ်ဦးနဲ့
သူမရဲ့ ချစ်သူငယ်ချင်းတို့ လက်ထပ်ကြတော့မယ်ဆိုတာပါပဲ။
စိတ်အာရုံခပ်ထွေထွေ ဖြစ်နေတဲ့ Soo-jeong ရဲ့ Busan ခရီးမှာ... သူမနဲ့
ဘေးချင်းကပ်ရပ် ခုံမှာ နေရာကျလာတဲ့သူကJae-hyeon ဆိုတဲ့ ခပ်ချောချော
လူရွယ်တစ်ယောက်ပါပဲ.. Jae-hyeon က soo-jeong ကို မြင်မြင်ချင်း
စိတ်ဝင်စားမိပြီး သူ့အပေါ်မှာ Soo-jeong စိတ်အာရုံပြောင်းလွဲလာအောင်
နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ သူတို့ရဲ့ လမ်းခရီးတစ်လျှောက်မှာ
ဖြစ်ပျက်လာတဲ့ ချစ်စရာအလွဲလေးတွေ၊ ပြုံးစရာဟာသလေးတွေ.. နဲ့
drama ဘက်ရောက်အောင် ဖြည်းဖြည်းချင်း သိမ်သိမ်မွေ့မွေ့ ဆွဲခေါ်သွားနိုင်
Korea drama တွေရဲ့ အားသာချက်တွေထဲက တစ်ခုလို့တောင် ဆိုရမှာပါပဲ။ စကားမစပ်.. Ed Sheeran ရဲ့ photograph ဆိုတဲ့ သီချင်းလေးကို
အချိန်ကိုက် playback ညင်ညင်သာသာ ထည့်ထားပေးတဲ့ ဇါတ်သိမ်းခန်းလေးကတော့ တကယ့်ကိုလွမ်းစရာပါ။...
အရုပ်ပိုင်းအသံပိုင်း ကြည်ကြည်လင်လင်နဲ့ မူရင်းဇါတ်လမ်းရဲ့ ရသမပျက်
Goldchannel encoder team နဲ့ translator team ရဲ့ ကြိုးစားမှုရလဒ်တစ်ခု
ကို ကြည့်ရှုခံစားအားပေးကြပါဦးလို့... ..
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]



Review by: Gemini Sugar 
Translate by: PT
Encode by: Eric Min Khant
Quality 720P HD


Watch & Download HD 800MB
Posted By: Unknown

Mood of the Day (2016) မြန်မာစာတန်းထိုး

Share:

No comments:

Post a Comment