Who Are You: School (2015) Korean Drama မြန်မာစာတန်းထိုး
ဒီဇာတ်ကားလေးကတော့ အမွှာညီမလေးနှစ်ယောက်နဲ့ ချစ်စရာဇာတ်လမ်းလေးတစ်ခုပါ ထုံယန်းမြို့က အချစ်အိမ်ကလေးဆိုတဲ့မိဘမဲ့ဂေဟာက လီအွန်ဘီဆိုတဲ့ကောင်မလေးကတော့ ဂေဟာကကလေးတွေအတွက် အမေတစ်ယောက်လို အားကိုးရတဲ့သူဖြစ်နေခဲ့ပါတယ်
ဒါပေမယ့် လီအွန်ဘီဟာ ကျောင်းမှာ ဂန်ဆူယောင်းနဲ့အပေါင်းအပါတွေရဲ့ အနိုင်ကျင့်တာကို ခံနေရသူပါ
ဂိုအွန်ဗြောဆိုတဲ့ကောင်မလေးကတော့ ဆိုးလ်မြို့ ဂန်းနမ်းခရိုင် ဆယ်ဂန်းအထက်ကျောင်းမှာ နာမည်ကြီးတဲ့ကျောင်းသူလေးတစ်ယောက်ပေါ့
အွန်ဗြောနဲ့ အွန်ဘီက တစ်ထေရာတည်းတူတဲ့အမွှာတွေဆိုပေမယ့် အွန်ဗြောတစ်ယောက်ကပဲ သူ့မှာ အမွှာညီအစ်မရှိတာကို သိနေတဲ့သူပါ
တစ်နေ့တော့ အွန်ဗြောတို့ကျောင်းက ထုံယန်းမြို့ကို လေ့လာခရီးသွားရပါတယ်
လေ့လာရေးခရီးစဉ်အတွင်းမှာပဲ အွန်ဗြောက ရုတ်တရက်ပျောက်သွားပြီး
အဲ့ဒီအချိန်မှာပဲ အွန်ဘီကလည်း ကိုယ့်ကိုယ်ကို ရေထဲခုန်ချပြီး သတ်သေလိုက်ပါတယ်
အွန်ဘီကို ပျောက်သွားတဲ့အွန်ဗြောလို့ အားလုံးကထင်နေကြပြီး အွန်ဘီကလည်း ရေထဲခုန်ချလိုက်တဲ့အကျိုးဆက်ကြောင့် အတိတ်မေ့သွားတဲ့အတွက် သူ့ကိုယ်သူ အွန်ဗြောလို့ ထင်မှတ်နေပါတယ်
အတိတ်မေ့နေတဲ့အွန်ဗြောက အွန်ဘီအဖြစ်နဲ့ ဆယ်ဂန်းအထက်ကျောင်းမှာ ကျောင်းပြန်တက်ပါတယ်
ထုံယန်းမှာ အွန်ဘီကိုအနိုင်ကျင့်တဲ့ ဂန်ဆူယောင်းကလည်း သူ့အတိတ်ကိုဖုံးကွယ်ဖို့ ဆိုးလ်က ဆယ်ဂန်းအထက်တန်းကျောင်းကို ပြောင်းရွှေ့လာပါတယ်
ကျောင်းအသစ်မှာ အွန်ဘီနဲ့တူလွန်းတဲ့အွန်ဗြောကိုတွေ့လိုက်ရတဲ့ ဂန်ဆူယောင်းက အွန်ဘီဟာ အွန်ဗြောမဟုတ်ကြောင်း ဖော်ထုတ်ဖို့ကိုဘယ်လိုတွေ ကြိုးစားပါတော့မယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းပါရစေရှင့် မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်လမ်းလေးမလို့ ခုပဲ download ပြီး ကြည့်ကြပါစို့နော်
Reviewed by: Chue Chue
Translated by:Star Let
Encoded by: Sinn Sinn
Size: 350MB
ee854 Tenisky asics,mizuno tenisky,caterpillar schuhe,on running portugal,mizuno voetbalschoenen,altra running shoes australia,keen ayakkabı,mizunojuoksukengat,keensko ns974
ReplyDeleted301k8fakya594 jordan 4 retro,jordan 4 bred,jordan 4 off white,jordan 4 travis scott,jordan 4 fire red,jordan 4 university blue,jordan 4 black cat,jordan 4 lightning,jordan 4 kaws s778t5yvdkh240
ReplyDelete